အလောင်းတော်ကသပဘုရားဖူးယာဉ်တိမ်းမှောက် သေဆုံးသူများပြား

ဘုရားဖူးယာဉ်တိမ်းမှောက် သေဆုံးသူများပြားဟု ကနဦးသိရ ။ ယနေ့ ၁၈.၃.၂၀၁၉ ကနီမြို့နယ် အလောင်းတော်ကသပ ချောင်းမကြီး အထက် ချောက်ထဲ ထိုးကြရာ ချောင်းကမ်းနား အထိ ရောက်ရှိသည်။

ဘုရားဖူး ယာဉ် ခရီးသည် ၄၀ နီးပါး သယ်ဆောင်လာသော ယာဉ် တိမ်းမှောက်ရာတွင် သေဆုံးသူ ဦးရေများပြား အတိအကျမသိရသေး။

” ဖြစ်တာက ဒီကနေ့ မနက် ၆ နာရီ ၀န်းကျင်လောက်ဖြစ်မယ် ။ ကားက လည်း လူ ၄၀ ကျော် လောက်ပါမယ် ။ အဲဒီနေရာက ကပိုင်ရွာကနေ ဆိုရင် ၁၅ မိုင်လောက် ဝေးမယ် ။ အခင်းဖြစ်ပွားတဲ့နေရာက ဖုန်းလိုင်း မမိတမိ ဖြစ်နေတော့ နောက်ကားတွေလာမှ အကူအညီတွေရတယ် ထင်တယ် ။ အသေအပျောက်တော့ များမယ်ထင်တယ် ။ လောလောဆယ် အလောင်းငါးလောင်းလောက် တွေ့တယ် ပြောတယ် ” ဟု ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

Photo – Tun Tun Win /Zin Moe

Loading...

Facebook Comments