ရှင်ပြုရဟန်းခံ”ဆင်​စီးပြီးမြင်းရံ “ရာမှ “ဆင်​နင်းမြင်းကန်​ဖြစ်​ရပ်​” ဒဏ်​ရာရ ၄ ဦးအနက်​ တစ်​ဦး​သေဆုံး(ရုပ်သံ)

ပေါင်​ မတ်​၂၅

မတ်​လ၂၄ ရက်​​နေ့က ​ပေါင်​မြို့နယ်​ ရင်းငြိမ်​​မြောက်​​ကျေးရွာ အုပ်​စု သဗြု​ချောင်​ရွာ တွင်​ဖြစ်​ပွားခဲ့​သော ဆင်​​သောင်းကျန်းမှုဖြစ်​ရပ်​တွင်​ လူ၎ ဦးဒဏ်​ရာရထားခဲ့ရာ ရန်​ကုန်​​ဆေးရုံသို့တင်​ပို့ထားခဲ့ရသည့်​ ​ကောင်းထက်​စံ အသက်​၆ နှစ်​ သည်​ မတ်​လ၂၅ ရက်​မနက်​၆နာရီက​သေဆုံးသွားသည်

ထိုသို့လူ​သေဆုံးသွားသည့်​အဖြစ်​​ကြောင့်​ ​ပေါင်​မြို့မရဲစခန်း၏ (ပ)၁၀၇၁/၂၀၁၉ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၂၈၉ အား ၂၈၉/၃၀၄(က)ဖြင့်​ ပုဒ်​မထပ်​ဖြည့်​ကာ ဆင်​ဦးစီးဦးမွန်းလွဲ ကိုအ​ရေးယူထား​ကြောင်း ရင်းငြိမ်​ရဲကင်းစခန်းမှုး ဒုရဲအုပ်​​အောင်​​ဌေးက ​ပြောသည်​။

(ရုပ်သံ)

Loading...

Facebook Comments