အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ပက်သက်ပြီး ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဂီတလောကမှာသာမက အနုပညာလောကမှာပါ ပရိသတ်အားပေးမှုရရှိထားသူဖြစ်ပြီး ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာပြည်ရဲ့ ပရိသတ်အများဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ယနေ့ချိန်ထိနုပျိုနေဆဲ နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားဆဲ စိုင်းစိုင်းခန်းလှိုင်ရဲ့ အချစ်ရေးဟာ သူ့ရဲ့ပရိသတ်တွေကြား အထူးစိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။

 

မကြာသေးခင်ကပဲ ချစ်သူကောင်မလေးနဲ့အတူ နိုင်ငံခြားကိုရောက်ရှိနေတယ်ဆိုတဲ့ ကောလဟာလတွေနဲ့အတူ စိုင်းစိုင်းတစ်ယောက် ကောင်မလေးတစ်ယောက်နဲ့ public မှာ လက်ကိုင်ပြီး သွားလာနေတဲ့ ဓာတ်ပုံလေးတွေလည်း လူမှုစာမျက်နှာထက် ပျံ့နှံ့လို့နေခဲ့ပါတယ်။အဆိုပါ ဓာတ်ပုံတွေနဲ့ ပက်သက်ပြီး မေးမြန်းခဲ့တဲ့ အခါမှာတော့ စိုင်းစိုင်းက အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ ဓာတ်ပုံတွေက အမြဲတမ်းလိုလို တက်နေတာပါပဲ ။ဓာတ်ပုံတွေက တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် တက်နေတာပဲဆိုတော့ တစ်ချို့ ဓာတ်ပုံတွေက အမှန်အကန် တွေလည်းရှိသလို တစ်ချို့ ဓာတ်ပုံတွေက ဖြတ်ဆက်ကပ်တွေလည်း ရှိတယ် ဆိုတော့ အသေးစိတ် တစ်ခုချင်းကို ပြောပြမှပဲ ရမှာပေါ့ ခင်ဗျာ။အချစ်ရေးမှာ အမြဲတမ်းလိုလို ကံကောင်းတတ်ပါတယ်။ ခြေချော် လက်ချော် ဖြစ်တာလေးတွေပဲ ရှိတာပါ ခင်ဗျာ။ ”စိုင်းစိုင်းခမ်းလှိုင်ကတော့ အောက်တိုဘာ ၂၁ ရက်နေ့ ဂျပန်မှာ ဖျော်ဖြေရမယ့် ပွဲအတွက် အရမ်းကိုလည်း စိတ်လှုပ်ရှားနေပါတယ်တဲ့။

Source Cele Yatkwat

Loading...

Facebook Comments