ရွှေတိဂုံအနီး ငုံးဥပြုတ်ရောင်းချ၍ မောင်းထုတ်ခံရဖူးသူ ကိုယ့်ကိုယ်ကိုယ်သတ်သေ

ဦးအောင်သောင်းသည် ပန်းနာရင်ကျပ်ဝေဒနာကိုကာလရှည်ရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

“ဝေဒနာကို မခံစားနိုင်တော့လို့ သူဒီလိုလုပ်သွားတယ်လို့ပဲယူဆတယ်” ဟုသူ၏ အစ်ကိုကပြောသည်။

မသေဆုံးမီရက်အနည်းငယ်ခန့်က ၄င်း၏ ဇနီးနှင့် သားသမီးများ နေထိုင်ရာ တောင်ငူမြို့သို့ သွားရောက်ခဲ့သေးသည်ဟု အိမ်နီးချင်းတစ်ဦးဖြစ်သူ မချောစုကပြောသည်။

“သူ့ဆေးဖိုးအတွက်ဆိုပြီး ပိုက်ဆံလာချေးတယ်။သူ့ကြည့်ရတာတော့ ကျန်းမာရေး သိပ်မကောင်းတဲပုံပဲ။စိတ်လည်း ညစ်နေပုံရတယ် ” ဟု မချောစုကပြောသည်။

ဆေးဖိုးမှာတစ်ရက်လျှင် ၇,၅ဝဝကုန်ကျကြောင်းဦးအောင်သောင်းကပြောဆိုဖူးသည်ဟုမချောစုကဆိုသည်။

ဈေးရောင်းစဉ် မောင်းထုတ်ခံရအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတချို့ နှင့် အခြားသူများက ငွေကြေးထောက်ပံ့ခဲ့ကြောင်း၊ ထောက်ပံ့ငွေကိုအိမ်ငှားခြင်းနှင့် ဆေးကုသမှုခံယူခြင်းအတွက် သုံးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

သေဆုံးမှုဖြစ်စဉ်အား သွေးရိုးသားရိုးသေဆုံးမှုအဖြစ် သုဝဏ္ဏနယ်မြေရဲတပ်ဖွဲ့က သတ်မှတ်ပြီး သေမှုသေခင်းအမှတ် ၁၅/ ၂ဝ၁၈ ဖြင့် အမှုဖွင့်ထားသည်။

“ စိတ်ခံစားချက်အနည်းငယ်နဲ့ သူခံစားရတဲ့ရောဂါတွေကြောင့်အခုလိုဖြစ်သွားရတယ်လို့ မိသားစုဝင်တချို့နဲ့ အိမ်နီးနားခြင်းတွေကိုစစ်ဆေးချက်အရသိရတယ် ” ဟုသုဝဏ္ဏရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းမောင်ကပြောသည်။

Loading...

Facebook Comments