အလုပ်ထုတ်ခံလိုက်ရတဲ့ ဘဏ်မန်နေဂျာရဲ့ ဆွဲကြိုးချသေဆုံးရခြင်းနောက်ကွယ်က အကြောင်းအရင်း

“ရိုးသား ကြိုးစားတဲ့လူငယ်လေးတစ်ယောက်…”

ဘဏ်တစ်ခုရဲ့ဆောက်လုပ်ရေးလုပ်ငန်းကအင်ဂျင်နီယာ…ဆယ်စုနှစ်လောက်ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ခဲ့တယ်..အခုအသက် ၃၈ နှစ်ရောက်လာတော့ General manager ရာထူးကိုရထားပေမဲ့ကိုယ်ပိုင်အိမ် တိုက်ခန်းမရှိလို့ ကုမ္ပဏီကပေးတဲ့အိမ်ခန်းကျဉ်းလေးမှာပဲနေရပါတယ်…

ကုမ္ပဏီကို”လူကြီး” အသစ် “ဆက်ခံ”ရောက်ရှိလာတယ် သူ့အကြောင်းကိုမသိဘူး သူ့ Bank account ကိုစစ်ပြီး ကန်ထရိုက်တွေကငွေလွှဲပေးထားတာတွေ့ တယ်…ဘဏ်ခွဲတွေဆောက်တော့ အလုပ်သမားခတွေမကျခင် လုပ်ငန်းမနှောင့်နှေးအောင် သူကဘဏ်ကချေးငွေထုတ်ပြီး ကန်ထရိုက်ကိုစိုက်ထုတ်ပေးလို့ ကန်ထရိုက်ကပြန်ဆပ်တာကို စစ်တဲ့သူကမသိဘူး..

လုပ်နည်းလုပ်ဟန်မှန်တာမှားတာထားပါတော့ သူ့ကိုလုံးဝခေါ်မမေးဘူး ဖြေရှင်းခွင့်မပေးဘူး သူ အလုပ်ကြိုးစားလုပ်လို့ရခဲ့တဲ့အဆုတ်ရောဂါကို ခွင့်ရက်ရှည်ယူပြီးကုနေတုံး အလုပ်ကထုတ်လိုက်တယ်..စစ် မေး ဖြေရှင်းခွင့်မပေးဘူးနှစ်ပေါင်းများစွာလုပ်လာတာကိုမငဲ့ဘူး
တခြားကုမ္ပဏီတွေကလစာပိုပေးပြီးခေါ်တာတောင်မှ မသွားဘဲ “မိခင်ကုမ္ပဏီ” ဆိုတဲ့သံယောဇဉ်ကြိုးချည်ထားခံရလို့ကုမ္ပဏီကိုမစွန့်ခွါခဲ့တဲ့ “သူ” အကြီးအကျယ်စိတ်ဓါတ်ကျသွားတယ် မကျန်းမာနေတာလည်းပါချင်ပါမှာပေါ့

သူ့ကိုမှီခိုနေတဲ့ ဇနီး သားအကြီး ၇ တန်းကျောင်းသားလေး ၃နှစ်အရွယ်နဲ့ ၈ လအရွယ်ကလေးနှစ်ဦး သူထောက်ပံ့ပေးနေတဲ့ပင်စင်စားမိဘနှစ်ဦး ဒါတွေသူ့ခေါင်းထဲမစဉ်းစားမိတော့ဘူး လူဖြောင့် လူမှန် အကျင့်သိက္ခါကိုတန်ဘိုးထားသူပေကိုး မနေ့ကနေ့လည်မှာ အိမ်ကရေချိုးခန်းမှာသူကြိုးဆွဲချသေသွားတယ် ဒီနေ့တော့ မြောက်ဥက္ကလာဆေးရုံကြီးအအေးခန်းဇရပ်မှာ သူနဲ့သူ့မိဘကိုးကွယ်ရာအတိုင်း သရဏဂုံတင်ပေးတယ်

သူ့ဇနီး(ကရင်-ခရစ်ယာန)်ဆန္ဒအတိုင်းတွံတေးကို ကားနဲ့သယ်သွားပြီ တွံတေးမြို့မှာခရစ်ယာန်ဘာသာအရဝတ်ပြုကိုးကွယ်ပြီး ဂူသွင်းမြှုတ်နှံပါလိမ့်မယ် သူ့အမေနဲ့အဖေကတော့မြှော်ငေးငိုကြွေးနှုတ်ဆက်ရင်းကျန်ရစ်ခဲ့လေရဲ့ အလောင်းတင်ကားက ဝေးသထက် ဝေး..ဝေး..ဝေး..သွား ဇနီး သား သမီး ၃ ယောက်နဲ့ မိဘနှစ်ဦးရဲ့အနာဂတ်က ရေး…တေး…တေး…လား ???

မှတ်ချက်-Aung Ko Ko ဖေ့ဘုတ်အကောင့်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
credit – welovecele

Facebook Comments

Loading...

Facebook Comments